Monday, August 1, 2016

Samsung Marshmallow v6.0 တွေမှာ မြန်မာစာ Root မလိုထည့်သွင်းမယ်

Samsung Marshmallow v6.0 device တွေမှာ မြန်မာစာအဆင်မပြေသူတွေအတွက်
မြန်မာစာထည့်သွင်းနည်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အရင်ဆုံးလိုအပ်တာကို
ရယူလိုက်ပါ။




အရင်ဆုံး down လို့ရတဲ့ apk နှစ်ခုကို install ပြုလုပ်ပါ။
ပြီးရင် HiFont apk ကိုဖွင့်လိုက်ပါ။ ဘယ်ဘက်ထောင့်က menu လေးကိုနှိပ်လိုက်ပါ။
အထဲထဲက setting ကိုဝင်လိုက်ပါ။ Font size ဆိုတာကိုထပ်ဝင်လိုက်ပါ။
install ပြုလုပ်ထားတဲ့ Zawgyi One 2014 ( Aung Thura – iFont ) ကိုရွေးပေးလိုက်ပါ။
ဒါဆိုရင်တော့ မြန်မာစာအဆင်ပြေပြေ အသုံးပြုနိုင်ပါပြီ။

Refer >>> winkabarkyaw.net

Prisma app ကို Android ဖုန်းတွေအတွက်လည်းရရှိပြီ

အခုတလော iPhone အသုံးပြုသူတွေအကြားမှာအရမ်းနာမည်ကြီးနေတဲ့ Photo Editing app ဖြစ်တဲ့ Prisma ဟာ Android ဖုန်းအသုံးပြုသူတွေအတွက်လည်းထွက်ရှိလာပါပြီ။
iPhone (iOS) အတွက်ထွက်ရှိပြီး ရက်သတ္တပတ် ငါးပတ်လောက်အကြာမှာ Android အတွက် Beta version အနေနဲ့စတင်ဖြန့်ချိလိုက်တာပါ။ Android ဖုန်းအသုံးပြုသူတွေအရမ်းမျှော်လင့်နေကြတဲ့ app တစ်ခုလည်းဖြစ်ပါတယ်။

ဝင်းဝင်းချစ် မိုဘိုင်း(နည်းပညာ)


Skip AD ခံထားတဲ့လင့်တွေကို Skip AD ကနေမသွားပဲ Download Link သို့တိုက်ရိုက်သွားနည်း

Website အသီးသီးကနေ download ရယူကြတဲ့အခါမှာ အချို့ Skip AD ခံထားတဲ့လင့်တွေကို
Skip AD ကနေမသွားချင်ကြရင်တော့ ခုပြောပြပေးထားတဲ့အတိုင်းလေးသွားလိုက်ပါ။
Skip AD ကနေသွားစရာမလိုပဲ တိုက်ရိုက်လင့်ကိုရောက်သွားပါမယ်။ ဒီနည်းလမ်းလေးက
Generate လုပ်ပြီးသွားတာကြောင့် download ရယူတဲ့အခါလိုင်းလဲပိုကောင်းပြီး Resume လဲ
ရတယ်လို့သိရပါတယ်။ ပြုလုပ်ပုံကတော့ အောက်လင့်လေးကနေ၀င်ပြီး ပုံလေးတွေကနေပြထားတဲ့အတိုင်း
ပြုလုပ်ပေးလိုက်ရုံပါပဲ။





credit – Ko Htet R Kar

Friday, July 15, 2016

သြဂုတ်လ ၂ ရက်နေ့ တွင် Samsung မှ Galaxy Note 7 ကိုမိတ်ဆက်ပြသမည်

Samsung မှ ၎င်းရဲ့နောက်ထပ်ဗားရှင်းဖြစ်တဲ့ Galaxy Note ဟန်းဆက်ကို သြဂုတ်လ နှစ်ရက်နေ့ မှာ လူထုရှေ့မှောက် ချပြတော့မယ်လို့ ကြေငြာထားပါတယ်။ကုမ္ပဏီကတော့ နယူးယော့ခ်မှာ ကျင်းပသွားမယ့် ထုတ်ကုန်ပြပွဲကို အရှေ့တိုင်းစံတော်ချိန် မနက် ၁၁ နာရီမှာ စမယ်လို့ စီစဉ်ထားကြောင်း အင်္ဂါနေ့ က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားထားပါတယ်။
  “သြဂုတ်လ နှစ်ရက်နေ့ မှာ Samsung Electronics မှ Galaxy Note 7 ကို ထုတ်ဖော်ပြသသွားမည်။မျက်နှာပြင်ကျယ်ကျယ်နဲ့ S Pen လုပ်ဆောင်ချက်တွေပါထပ်တိုးထည့်ထားတဲ့ Galaxy Note 7ဟာ သုံးစွဲသူတွေကို သူတို့ ရဲ့

Friday, July 8, 2016

iOS Device တွေကို Passcode မေ့သွားလို့ Firmware ပြန်တင်ချင်သူများအတွက် Firmware ပြန်တင်နည်း

iOS Device တွေကို Passcode မေ့သွားလို့ဘယ်လိုပြန်လုပ်ရမလဲလို့မေးထားတဲ့ သူတွေအတွက် Firmware ပြန်တင်နည်းလေး

ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ iOS Device တွေမှာ Passcode မေ့သွားရင်တော့ အများဆုံးက Firmware ပြန်တင်ရတာများပါတယ်။

Samsung Galaxy S7 Edge SM-G935F ဖုန်းဗားရှင်း Android 6.0.1 Marshmallow Root လုပ်နည်း - by CHAN LAY (MCMM)



မိတ်ဆက်

========
Samsung Galaxy S7 Edge SM-G935F ဖုန်းကိုင်ဆောင်ထားကြတဲ့ ညီအကိုများအတွက်
ဗားရှင်း Android 6.0.1 Marshmallow Root လုပ်နည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ Custom Recovery အရင် ထည့်သွင်းပေးရမှာပါ
ပြီးတော့မှ Supersu ဖိုင်ဖြင့် Recovery Mode မှ Flash ပေးပြီး Root ဖောက်ယူနိုင်ပါတယ်။

Monday, March 7, 2016

Candy Crush ချစ်သူများအတွက် - Candy Crush Jelly Saga v1.11.5 APK Mod (Unlimited All/Unlocked)


Candy Crush ဆိုတာကတော့ လူကြိုက်အများဆုံး Game တစ်ခုလို့ပြောရင်မမှားပါဘူး။ လူကြီးလူငယ် မရွေးကစားနေကြတာကိုလည်းတွေ့ရပါတယ်။ Play Store မှာတော့ Free ပေးထားတာပါ...ဒါပေမဲ့ သူက Hack ထားတာမဟုတ်တာကြောင့် အချိန်အကန်အသတ်နဲ့ ပဲ ကစားနိုင်တာပါ။ အခုကျနော်တင်ပေး လိုက်တာကတော့ Hack ပြီးသားဖြစ်လို့ အကြိုက်ကစားနိုင်ပါတယ်။ Life တွေ ကလည်း Unlimited ဖြစ် ထားပြီးသားနော်။ Unlimited Everything ပေါ့ဗျာ။ အဆင့်တွေကလည်း Unlimited ပဲနော် နောက်ဆုံး အဆင့်ထိ Hack ထားတာပါ။ ကြိုက်တဲ့အဆင့်တွေကို ကျော်ပြီးကစားနိုင်ပါတယ်။ Android OS 2.3 နှင့် အထက် ဖုန်းများမှာကစားနိုင် မှာဖြစ်ပါတယ်။
                                                                                 
               
                                                              ဒီမှာဒေါင်းပါ


အောင်ကျော်ဝင်း(၀င်းဝင်းချစ် မိုဘိုင်း)


Friday, March 4, 2016

Samsung Galaxy A7 ( SM-A700FD ) version 4.4.4 ကို Root လုပ်နည်း


Samsung Galaxy A7 ( SM-A700FD ) version 4.4.4 ကို Root လုပ်ချင်လို့မေးမြန်းထားတဲ့
အကိုနဲ့အတူ Galaxy A7 ကိုင်ဆောင်သူ version 4.4.4 User တွေအတွက် Root လုပ်နည်းလေးကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အရင်ဆုံးလိုအပ်တာလေးတွေ Download ရယူလိုက်ပါ။

Sony က Xperia X, XA, X Performance ကို မိတ်ဆက်


Sony က MWC တွင် X, XA, X Performance စမတ်ဖုန်း အသစ် သုံးလုံးကို ပြသလိုက်ပါသည်။ 
Sony Xperia XA
------------------
Sony Xperia XA သည် စမတ်ဖုန်း သုံးလုံးတွင် စွမ်းဆောင်ရည် အနိမ့်ဆုံးဖြစ်ပြီး MediaTek MT6755 Processor, 2GB RAM, 5” 720p Display , 13MP/8MP Camera, 16GB Storage , 2300mAh Battery တပ်ဆင်ထားပါသည်။ Sony က X ကို “ Supermidrange” ဟု ပြောပါသည်။ စမတ်ဖုန်း သုံးလုံးသည် ဒီဇိုင်း ဆင်တူပါသည်။ X ကို Single နှင့် Dual SIM Model များ ထုတ်လုပ်ပေးထားပြီး Android 6.0 Marshmallow ထည့်သွင်းထားပါသည်။ စမတ်ဖုန်း သုံးလုံးစလုံးတွင် Sony Stamina Mode ပါရှိပြီး ၂ ရက် အသုံးခံသည်ဟု Sony က ပြောပါသည်။

Sony Xperia X
------------------
Xperia X သည် စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများထဲတွင် အမြင့်ဆုံး စွမ်းဆောင်ရည် ရှိသည့် စမတ်ဖုန်းဟု ကုမ္ပဏီက ပြောပါသည်။ Snapdragon 650 Processor, 3GB RAM, 5” 1080p Display, 32GB Storage , 2620mAh Battery , 23MP/13MP Camera တပ်ဆင်ထားပါသည်။ အဓိက ကင်မရာသည် Z5 နှင့် တူညီသော်လည်း ပိုမိုစွမ်းဆောင်ရည်ကောင်းမွန်စေရန် ဆော့ဝဲကို အဆင့်မြှင့်ထားသည်ဟု Sony က ပြောပါသည်။ 
Sony Xperia X Performance
-----------------------------------
X Performance သည် X နှင့် ဆင်တူသော်လည်း Qualcomm ၏ စွမ်းဆောင်ရည်မြင့် Snapdragon 820 Processor ကို အဆင့်မြှင့် တပ်ဆင်ထားပါသည်။ အနည်းငယ် ပိုမိုကြီးမားသော 2700mAh Battery ပါရှိပါသည်။ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများနှင့် နှိုင်းယှဉ်လျှင်မူ ငါးလက်မ Full HD Display နှင့် အနည်းငယ်သေးငယ်သော ဘက်ထရီကြောင့် အနည်းငယ် စွမ်းရည် နည်းပါးပါသည်။ 
စမတ်ဖုန်း သုံးလုံးကို လာမည့် လေးလနောက်ပိုင်းကျော်မှ ရောင်းချမည်ဖြစ်သော်လည်း ဈေးနှုန်းကို မသိရသေးပါ။ 

Credit to  ==> Myanmar Digital Life Journal




COC ရဲ့နောက်ထပ် Game အသစ်တစ်ခု - Clash Royale v1.2.1 Apk (2-March)


အခုတင်ပေးလိုက်တဲ့ Game လေးကတော့ ကျွန်တော်တို့ဘော်ဒါတွေ အရမ်းကြိုက်ပြီး မအိပ်မနေ ကစားခဲ့ ကြတဲ့ COC ဆိုတဲ့ Game Company ကနေ နောက်ထပ် အသစ်ဖန်တီးရေးသားလိုက်တဲ့ Clash Royale ဆိုတဲ့ Game လေးတစ်ခုဖြစ်ပါတယ်ဗျာ။ Game ရဲ့ပုံစံတွေ သဘောတရားတွေကတော့ COC ရဲ့ ကျောရိုး အတိုင်းပါပဲ။ Clash Royale ကိုကစားနေတဲ့ ကျွန်တော့သူငယ်ချင်းတွေကတော့ COC ထက်ပိုပြီး ကစားလို့ မိုက်တယ်လို့ ပြောပါတယ်။ COC ထက်ပိုပြီးပြည့်စုံကောင်းမွန်ပါတယ်။ စိတ်ပါဝင်စားတယ်ဆိုရင်အောက် က Link ကနေပြီးဒေါင်းယူသွားနိုင်ပါပြီဗျာ



အောင်ကျော်ဝင်း (၀င်းဝင်းချစ် မိုဘိုင်း)

အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ


မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ရေထဲကျသွားလို့ ဖြစ်တာ ကြာပါပြီ။ အခု ပါဝါပါမလာတော့ပါဘူးဗျာ။ အကြံပေးပါဦး။
ဖြေ - ပထမဦးစွာ ဖုန်းတစ်လုံးရေ၀င်ခဲ့ပြီဆိုရင် ရေ၀င်ထားတဲ့ဖုန်း ကို ဆက်လက်အသုံးမပြုသင့်ပါဘူး။ ရေ၀င်ပြီဆိုတာနဲ့ ချက်ခြင်း Battery ဖြုတ်ထားသင့်ပါတယ်။ တစ်ချို့ဖုန်းတွေ ရေ၀င်ထားသော် လည်း အသုံးပြုလို့ရနေသေးပါတယ်။ ရေ၀င်ထားတဲ့ဖုန်းကို ဆက် လက်အသုံးပြုနေရင်း ပါဝါသေသွားမယ်ဆိုရင် ပိုပြီး ပြင်ရခက်ပါ တယ်။ ဒါကြောင့် ဖုန်းတစ်လုံးရေ၀င်ပြီဆိုတာနဲ့ ပါဝါမဖွင့်ပါနဲ့တော့။ ဘက်ထရီချက်ချင်းဖြုတ်ပြီး နီးစပ်ရာမိုဘိုင်းဆိုင်ကို သွားပြသင့်ပါ တယ်။
မေး - အစ်ကို ကျွန်တော့်ဖုန်းက G730-C00 ပါ။ ဖုန်းကစသုံးနေရင်းနဲ့ အရမ်းပူတယ်။ အားလည်းအရမ်းစားတယ်။ ဘယ်လို လုပ်ရမလဲဗျ။
ဖြေ - ဟုတ်ကဲ့ဗျ။ အဲ့ဒါက အားစားနေတဲ့ Errorပါ။ ကြာရှည်သုံး လိုတော့မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြာလာရင် Wi-Fi မရတာ၊ Bluetooth မရတာတွေ နောက်ဆုံးအဆင့် ပါဝါသေတဲ့အထိ ဖြစ်နိုင်တယ်။ အမြန်ဆုံးကျွမ်းကျင်တဲ့ Service ဆိုင်ကို ပြကြည့်ပါ။
မေး - အစ်ကိုရေ မင်္ဂလာပါခင်ဗျာ။ Xiaomi Smartphone အ ကြောင်းနည်းနည်းလောက်မေးချင်လို့ပါ။ ကျွန်တော် Xiaomi ဖုန်း ၀ယ်မလို့ပါ။ ခက်တာက Xiaomi ဖုန်းတွေကို Model တွေနဲ့ အတု အစစ်မခွဲတတ်ဘူးဖြစ်နေလို့ပါ။ Xiaomi ဖုန်း Model ကြည့်နည်းနဲ့ အတုအစစ်ခွဲနည်းလေး အဆင်ပြေရင် ကူညီပါခင်ဗျာ။
ဖြေ - Xiaomi ဖုန်းတွေမှာ အခေါ်အဝေါ် ၃ မျိုးလောက်ရှိပါတယ်။ Customer Name Model နှင့် Nick Name ဆိုပြီးရှိပါတယ်။ Model ကြည့်ချင် တယ်ဆိုရင်တော့ ဖုန်း၏ imei နံပါတ်သိဖို့လိုပါတယ်။ imei နံပါတ်ကို Power ဖွင့်လို့ရတဲ့ဖုန်းမှာ *#06# နှင့်ကြည့်ပါ။ Power ဖွင့်လို့မရရင်တော့ Battery ဖြုတ်ပြီးကြည့်ပါ။ imei နံပါတ်ရရင် www.imei.info တွင် စစ်ကြည့် လို့ရပါတယ်။ နောက်တစ်နည်းကတော့ ဖုန်း Power ဖွင့်လို့ရမှ ကြည့် လို့ရမှာပါ။ အတုအစစ်ခွဲဖို့ပါ။ ဖုန်းခေါ်တဲ့နေရာမှာ *#*#64663#*#* ကိုနှိပ်လိုက်ပါ။ Xiaomi ဖုန်းတွေမှာ China နဲ့ Global ဆိုပြီး ၂ မျိုးရှိပါ တယ်။ China အလုံးဆိုရင် တရုတ်စာနဲ့ပေါ်လာပြီး Global ဆိုရင်တော့ English စာနဲ့ပေါ်လာမှာဖြစ်ပါတယ်။ အဲ့ဒီမှာ ဖုန်း၏ Touch, LCD, Speaker ... စသည်တို့စစ်ကြည့်လို့ရပါတယ်။ အတုဆိုရင်တော့ ဘာမှပေါ်လာ မှာမဟုတ်ပါဘူး။ Xiaomi ဖုန်းတွေဝယ်မယ်ဆိုရင်တော့ Model နဲ့ အတု အစစ်ခွဲခြားတတ်ဖို့ အရေးကြီးပါတယ်။ အားလုံးပဲအဆင်ပြေပါစေ ခင်ဗျာ။
မေး - ကျွန်တော့်ဖုန်းက Huawei G610 ပါ။ ဖုန်းခေါ်ရင် မီးမှိတ် သွားတယ်ဗျ။ ဟိုဘက်ကဖုန်းပြန်ချမှ ပြန်ပွင့်သွားတယ်။ အရင် က မဖြစ်ဘူး။
ဖြေ - အစ်ကိုရေ ဘယ်ကနေစဖြင်တာလဲဗျ။ ရေ၀င်သွားလို့လား။ တစ်ခြားဆိုင်ကပြန်လာမှဖြစ်တာလား။ ပြုတ်ကျသွားလို့လားဗျ။ အဲ့ ဒီ Error က Sensor ကြောင့်ပါ။ Sensor ကို တစ်ခုခုနဲ့ အုပ်မိနေလျှင် တော့ဖြစ်ပါတယ်။ ဒါမှမဟုတ် ပြုတ်ကျရင်တော့ဖြစ်ပါတယ်။ Sensor ရဲ့အလုပ်က ပုံရိပ်တွေသူ့အပေါ်ကဖြတ်သွားရင်ပိတ်ပြီး ဖယ်လိုက် ရင်ပြန်ပွင့်တဲ့အလုပ်ကိုလုပ်ပါတယ်။ ဖုန်းရဲ့အပေါ်ပိုင်းမှာ ပါပါတယ် ဗျ။ ကင်မရာရဲ့ဘေးမှာကပ်လျက်တည်ရှိပါတယ်။ Model နိမ့်ဖုန်းတွေ မှာတော့ မပါပါဘူး။ အခုနောက်ပိုင်းဖုန်းတွေမှာတော့ပါတယ်ဗျ။
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းလေး Firmware အသစ်တင် လိုက်ပြီး ဆိုင်ကပြန်လာတော့ Setting ထဲမှာ Hotspot မတွေ့ တော့လို့အစ်ကို။ ကျွန်တော်က ဖုန်းကနေ Hotspot လွှင့်ပြီး PC နဲ့ပြန်သုံးတာဆိုတော့ အခက်တွေ့နေလို့ပါ။ အဲ့ဒါလေးဖြေ ရှင်းပေးစေချင်ပါတယ်ခင်ဗျာ။
ဖြေ - iPhone တွေမှာ Firmware တင်တာဖြစ်ဖြစ်၊ Network Reset ချ တာပဲဖြစ်ဖြစ် Setting ထဲမှာ Hotspot ပျောက်သွားတတ်ပါတယ်။ ဒါက တော့ မည်သည့် iPhone မဆို အသစ်ဝယ်တိုင်းကြုံတွေ့ရမယ့်အရာ တစ်ခုပါ။ iPhone ထဲမှာ Hotspot လွှင့်လို့ရဖို့ဆိုရင် အောက်ပါအတိုင်း ပြုလုပ်ပေးပါ။ Setting > Cellular > Cellular Data Network > Personal Hotspot ထဲက APN မှာ MPT အတွက် mptnet လို့ရိုက်ထည့်ပေးပါ။ Ooredoo နဲ့ Telenor အတွက် Internet လို့ရိုက်ထည့်ပေးလိုက်ပါခင်ဗျာ။ အဲ့လိုရိုက် ထည့်ပြီး Setting ကိုနောက်တစ်ကြိမ်ထပ်ဝင်လိုက်ရင် Hotspot ကိုမြင် ရပါပြီခင်ဗျာ။
Today Mobile
ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)

Thursday, March 3, 2016

Facebook မှာ သင့်ရဲ့ Friend Request ကို လျစ်လျူရှုထားသူများအားလုံးကို ကြည့်ရှုနည်း



Facebook အသုံးပြုသူများအတွက် တစ်စုံတစ်ယောက်ထံ Friend Request ပေးပို့ထားပေမယ့် လျစ်လျူရှုထားသူများကို ကြုံဖူးကြမှာပါ။ အဲဒီ တစ်စုံတစ်ယောက်ဟာ အပြင်လောကမှာ သင်နဲ့ သိကျွမ်းသူတစ်ယောက်ဆိုရင်တော့ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးမှာ လိုအပ်ချက်တွေ ရှိကောင်း ရှိလို့ ဖြစ်နိုင်ပါတယ်။ သင့်ကို လျစ်လျူရှုထားသူတွေကို သိခြင်းအားဖြင့် ပြင်ပကမ္ဘာမှာ ပေါင်းသင်းဆက်ဆံရေးကို ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို သင့်ရဲ့ Friend Request ကို လျစ်လျူရှုထားသူများကို သင် ဘယ်လို သိနိုင်မလဲ ? သင့်ရဲ့ Facebook မှ Digital Relationship ကနေ သင့်ကို လျစ်လျူရှုထားသူများကို သိနိုင်ဖို့ Facebook က နည်းလမ်းကို ပံ့ပိုးပေးထားပါတယ်။

Facebook ၀က်ဆိုက်ကိုသွားပြီး သင့်ရဲ့ အကောင့်နဲ့ Login ၀င်ပါ။ အပေါ်ထိပ်မှ Friends Icon ကို နှိပ်ပါ။

Saturday, February 27, 2016

MR TV, MRTV 4 မြန်မာ TV လိုင်းများနှင့် နာမည်ကြီး ရုပ်သံလိုင်းပေါင်း (၁၀၀) ကျော်ကို ကြည့်ရှူ့နိုင်မည့် H TV (For Android)

MR TV, MRTV 4  မြန်မာTV လိုင်းများ ၊ ထိုင်း TV  Channel များ အစရှိသည့် နာမည်ကြီး လိုင်းများနှင့်အတူ ရုပ်သံလိုင်းပေါင်း  ၁၀၀ ကျော်ကို Internet Connection  အနည်းငယ်ရရုံမျှဖြင့် အဆင်ပြေစွာ တိုက်ရိုတ် ကြည့်ရှူ့နိုင်မှာဖြစ်ပါတယ်..။ 


Friday, February 19, 2016

ဝင်းဝင်းချစ် RingTone apk လေးပါ


ဝင်းဝင်းချစ် Ring Tones apk လေးပါ သီချင်းမျိုးစုံ ကို လွယ်ကူအသုံးပြုနိုင်ရန် ပြုပြင်ထားပါသည်။

ဒီနေရာမှာဒေါင်းပါ
အောင်ကျော်ဝင်း(၀င်းဝင်းချစ် မိုဘိုင်း)

Honor 4xမှာမြန်မာစာမမှန်သောဖုန်းများအတွက်




အခုကျွန်တော်တင်ပေးမဲ့နည်းလေးကတော့
မြန်မာစာတွေကမမှန်တဲ့သူတွေအတွက်

ဖုန်းscreenအောက်ပိုင်းသေလို့Back ခလုတ်တွေနှိပ်မရတဲ့သူများအတွက်Back Button.apk



ကျွန်တော်အခုတင်ပေးမဲ့ဆော့ဝဲလေးကဖုန်းမှာအဆင်ပြေစေမဲ့နည်လေးပါ
အခုဖုန်းတွေအောက်ပိုင်းHomeတွေBackတွေMenuတွေသေလို့
နှိပ်မရသောသူများအတွက်

“MPT မှ နံပါတ်အလှများ လေလံတင်ရောင်းချမည်ဖြစ်ပြီး ရောင်းရငွေ အားလုံးကို ကျေးလက်မီးလင်းရေးလှူဒါန်းမည်”


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ နံပါတ်အလှများလေလံတင်ရောင်းချ ရန်စီစဉ်ထားပြီး ရောင်းရငွေ အား လုံးကို ကျေးလက်ဒေသ မီးလင်းရေး အတွက် လှူဒါန်းရန်သုံးစွဲသွားမည်ဖစ်ကြောင်းသိရ သည်။နံပါတ်အလှများ လေလံတင် ရောင်းချပွဲကြီးကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် ရန်ကုန်မြို့ PARK ROYAL HOTEL ၌ နံနက်(၉)နာရီမှ ညနေ(၆)နာရီ အချိန် အတွင်း ပြုလုပ်သွား မည်ဖြစ်သည်။