Friday, July 15, 2016

သြဂုတ်လ ၂ ရက်နေ့ တွင် Samsung မှ Galaxy Note 7 ကိုမိတ်ဆက်ပြသမည်

Samsung မှ ၎င်းရဲ့နောက်ထပ်ဗားရှင်းဖြစ်တဲ့ Galaxy Note ဟန်းဆက်ကို သြဂုတ်လ နှစ်ရက်နေ့ မှာ လူထုရှေ့မှောက် ချပြတော့မယ်လို့ ကြေငြာထားပါတယ်။ကုမ္ပဏီကတော့ နယူးယော့ခ်မှာ ကျင်းပသွားမယ့် ထုတ်ကုန်ပြပွဲကို အရှေ့တိုင်းစံတော်ချိန် မနက် ၁၁ နာရီမှာ စမယ်လို့ စီစဉ်ထားကြောင်း အင်္ဂါနေ့ က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားထားပါတယ်။
  “သြဂုတ်လ နှစ်ရက်နေ့ မှာ Samsung Electronics မှ Galaxy Note 7 ကို ထုတ်ဖော်ပြသသွားမည်။မျက်နှာပြင်ကျယ်ကျယ်နဲ့ S Pen လုပ်ဆောင်ချက်တွေပါထပ်တိုးထည့်ထားတဲ့ Galaxy Note 7ဟာ သုံးစွဲသူတွေကို သူတို့ ရဲ့
ဖုန်းတွေနဲ့ နေ့ စဉ်ဘဝတွေထဲကနေရနိုင်သမျှသော အောင်မြင်မှုနဲ့ မိမိရဲ့ အဆင့်အတန်းကိုဖော်ပြဖို့ အတွက် ဖန်တီးထားတဲ့ စွမ်းအားမြင့်ကိရိယာတစ်ခုပါ။ Galaxy Note 7 ဟာ လူတွေကို အလုပ်မှာ အိမ်မှာနေရာတကာမှာ အလုပ်တွင်လာအောင် ကူညီနိုင်ပါလိမ့်မယ်။ ဒီဖုန်းနဲ့ ပတ်သတ်ပြီး ဒီထက်မကပြောဖို့  မစောင့်နိုင်တော့ပါဘူး။”
ဒီတော့ Note 6 အစား Note 7 ထုတ်ရတဲ့အကြောင်းကတော့ S7 နဲ့  S7 Edge ကို ပိုမိုကောင်းမွန်အောင် တစ်ခုတည်းအနေနဲ့ ထုတ်ချင်တာရယ် ၎င်းရဲ့ နောက်ဆုံးမိုဘိုင်းလ်နည်းပညာနဲ့  ဆက်စပ်ပြီး ဖြစ်လာတဲ့ အရှုပ်အထွေးတွေကို လျှော့ချပစ်ချင်တာရယ်ကြောင့် ဖြစ်တယ်လို့  Samsung က ဆိုပါတယ်။နောက်တစ်ခု သိထားရမှာက Apple ဟာ ၎င်းရဲ့ iPhone 7 ကို စက်တင်ဘာလထဲမှာ စတင်ဖြန့် ချီတော့မယ်လို့ မျှော်လင့်ရပါတယ်။
S7 နဲ့ S7 Edge နှစ်မျိုးစလုံးဟာ Samsung အတွက် ရောင်းအားကောင်းခဲ့တာဖြစ်ပြီး Note ဟာလည်း ကုမ္ပဏီအတွက် လူကြိုက်များတဲ့ ပစ္စည်းဖြစ်နေဆဲ ဖြစ်နေမြဲပါပဲ။ ဒါ့ကြောင့် ဒီနှစ်အတွင်း သူတို့ ကို ဘယ်လိုပေါင်းစပ် ဖန်တီးသွားမယ်ဆိုတဲ့အချက်ကတော့ စိတ်ဝင်စားစရာဖြစ်နေပါတယ်။ ကျွန်တော်တို့ ကတော့ ဒါနဲ့ ပတ်သတ်တဲ့ အရေးပါတဲ့အနှစ်ချုပ်အချက်လေးတွေကို ပေးသွားရင်း စောင့်ကြည့်သွားမှာပါ။

Wai Linn Aung (Myanmar Mobile App)

No comments:

Post a Comment